Social Icons

Pages

Monday 15 October 2012

အိန္ဒိယနိုင်ငံ၊၊နယူးဒေလီ ခရီးမှတ်တမ်းဓါတ်ပုံ

 ဂျပန်ခေတ်နှင့် ဝန်ကြီးချုပ်ဦးနုတို့ လက်ထက်က မြန်မာနိုင်ငံ တောင်ကြီးမြို့ တွင် နှစ်ပေါင်းများစွာနေခဲ့ ဖူးသော ဟိန္ဒူလူမျိုး(ဆရာကြီးဦးမောသီရိ)ဇနီးဆရာမကြီးဒေါ်ကုမ္မာရီတို့  မိသားစုတိုနှင့့် ဆုံခဲ့ စဉ် အမှတ်တရပုံများ
            ကျောင်းအုပ်ဆရာမကြီး၊သမီးကြီးဇေယျာသီရိတို့ နှင့် ဦးမောသီရိရုပ်တုရှေ့ တွင် အမှတ်တရ
                               မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများကို
                                                                          ချစ်ခင်ရင်းနှီး                                                      ဦးစားပေးဆက်ဆံတတ်သော အောက်စဖို့ ဒ်ကျောင်းကို      တည်ထောင်ထားသော ဆရာမကြီးဒေါ်ကုမ္မာရီ(၄င်းတို့ သမီးများကို ၀န်ကြီးချုပ် ဦးနုကိုယ်တိုင် နာမည်ပေးထားသည်ဟု သိခဲ့ ရ )


နယူးဒေလီ၊အောက်စဖို့  စကူး တည်ထောင်သူ ဦးမောသီရိရုပ်တု၊မိသားစု၊ဒေါ်စပါယ်တို့ နှင့် အမှတ်တရ (၄င်းကျောင်းတွင် ကျောင်းသား၊သူ ၃၅၀၀၊ဆရာ၊ဆရာမ ၁၀၀၊အထွေထွေဝန်ထမ်း ၂၃၅ ရှိဟုသိရ )


Tuesday 4 September 2012

" တို့ တာဝန်"

 *  ဗုဒ္ဓမြတ်စွာ သာသနာသည် ကမ္ဘာတိုင်အနှံ့  
ပွားစီပြန့် ဖို့ တပ်လှန့် နိုးဆော် ဟစ်ကြွေးကြော်၍
သူတော်ရဟန်း ရှင်လူပြွမ်းကာ 
တတ်စွမ်းသမျှ ကြိုးစားကြလော့။

  *  တို့ သာသနာ တို့ ဘာသာတွက်
အသက်ပျက်ပြုံး ဆုံးရှုံးပါစေ..
သင်္ချေများစွာ ကာလကြာအောင်
နှုလုံးပေးဆပ် လောင်းလျာမြတ်ကား 
ရိုးသားရေသွေး စတေးပြီးကာ
ဆောင်ရွက်ရှာသည် မဟာဒုက္ခ ခံခဲ့ရ၏ ။

*  တို့် သာသနာ ဓွန့် ရှည်ကြာအောင် 
ခန္ဓာပျက်ပျက် အသက်ဆုံးဆုံး
တို့ အားလုံးမှာ စဉ်လာမပျက်
တာဝန်ဆက်သည် ရှေ့ဆက်ကြိုးပန်းကြပါစို့ ။

(စိန်ပန်းမဟာစည်ဆရာတော်-မှချီးမြှင့် သည်)