Social Icons

Pages

Friday 18 November 2011

“ဆရာကောင်းဆိုရာဝယ်...”


နဖူးစွန်းနှင့်၊ ဒူးပွန်းခံကာ၊

ကိုးကွယ်ပါလည်း၊ ဆရာလွဲက၊

ငရဲအပါယ်၊ အမြစ်တွယ်၊

ဝဋ်နွယ်ရှည်လျားရာ၊

(ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး


မြန်မာလူမျိုးအများစုဟာ သာမန်အားဖြင့် သဒ္ဓါတရား(ယုံကြည်မှု့) ကောင်းကြပါတယ်။ ဘာသာဝါဒတိုင်းဟာ ယုံကြည်မှု (မျက်စိမှိတ်ယုံကြည်မှု)ကို အခြေခံကြပါတယ်။ အခြားဘာ သာဝင်တွေ နားလည်ကြတဲ့ သက်ဝင်မှု၊ ယုံကြည်မှုများက ဗုဒ္ဓ၀ါဒနှင့် ပတ်သတ်ခြင်း မရှိပါဘူး။ ဗုဒ္ဓ၀ါဒမှာ သဒ္ဓါတရားဆိုတာ ယုံကြည်မှု သက်သက်မဟုတ်၊ ကိုယ်တိုင် ကျေကျေနပ်နပ် ရှင်းရှင်းလင်းလင်း သိရှိနားလည်ပြီးမှ ဖြစ်ပေါ်လာတဲ့ စိတ်ချယုံကြည်မှုမျိုးဖြစ်ပါတယ်။ ထိုယုံ ကြည်မှုက ရတနာသုံးပါးအပေါ်မှာ ဖြစ်တည်မှသာ သံသရာဝဲဂယက်မှ ရုန်းထွက်နိုင်မှာပါ။


ထို့ကြောင့်ပင် သဒ္ဓါယ တရတိ သြဃံ (အခက်အခဲမှန်သမျှကို ယုံကြည်ချက်ဖြင့် လွန်မြောက်၏) ဟုဗုဒ္ဓမြတ်စွာ မိန့်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ သဒ္ဓါတရားနှင့် ပြီးပြည့်စုံ၍ မိမိတို့အမှန်တကယ် မဂ်ဖိုလ် ရဖို့ ဆည်းကပ်ကိုးကွယ်ရာမှာ ဆရာရွေးမှန်ကန်ဖို့ အင်မတန်အရေးကြီးပါတယ်။ ယခုအခါမှာ အခြားသော အတုအယောင်များစွာက နေရာယူလာကြပါတယ်။ ထို့ကြောင့်ပင် စတုတ္တအကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ သဒ္ဓမ္မအစည်းအဝေးမှာ သဘာပတိ ဥက္ကဋ္ဌ အဘိဓဇမဟာ ရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မြင်းခြံမြို့ ကိုးဆောင်တိုက် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသောဘိတ မှ အောက်ပါအစည်းအဝေးဖွင့် သြ၀ါဒကထာကို မိန့်ကြားခဲ့ပါတယ်။ “ဆရာတော်ဘုရားများ အထူးသတိပေးလျောက်ထားလိုသော အချက်မှာ ယခုအခါ တပည့်တော်တို့ မြန်မာနိုင်ငံ၌ နတ်၊ မှော်၊ ၀ိဇ္ဇာ၊ ဂါထာ၊ မန္တယား စသော တန္တရ၊ မန္တရ ၀ါဒများ ကြောက်မတ်ဖွယ်ကောင်းအောင် တိုးပွားနေသည်ကို ဆရာတော်ဘုရားများ သတိပြုစေချင်ပါ သည် ဘုရား၊ ဗုဒ္ဓဘာသာဝင် ဒါယကာ၊ ဒါယိကာမ အများစုဟာ ထေရ၀ါဒသာသနာ စစ်စစ်ကို နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်မှုနည်းပါးပြီး ထိုတန္တရ၊ မန္တရ၀ါဒများဘက်သို့သာ လိုက်ပါနေကြပါသည်။ ဤအချက်ကို အခွင့်ကောင်းယူ၍ အချို့ရဟန်းများသည် ဂန္ထဓူရ (စာပေသင်ခြင်း)၊ ၀ိပဿနာဓူရ (တရားအားထုတ်ခြင်း) ဟူသော ရဟန်းတော်တို့၏ တာဝန်ကို ပစ်ပယ်၍ တန္တရ၊ မန္တရအလုပ်ကို ရဟန်းတော်တို့ တာဝန်အလား ကြိုးစားအားထုတ် ပြုလုပ်နေကြသည်မှာ သာသနာတော်အတွက် ကြောက်မတ်ဖွယ်ကောင်းသော ဘေးရန်တစ်မျိုးဖြစ်ပါသည် ဘုရား...”။ ဤအချက်တွေကို နာယူခြင်းဖြင့် ထေရ၀ါဒသာသနာအပေါ် အရောင်ဆိုးသော အရာများကို ပေါ်လွင်စေပါတယ်။ လူတွေသည်လည်း နေ၊ ထိုင်၊ ပြောဆိုတက်ဖို့လိုပါတယ်။ အချို့သော လူများက ဘုရားကြီးကျောင်းရောက်ရင် မဂ်ဖိုလ်ရောက်ကြောင်းတရား၊ ဒါန၊ သီလစတဲ့ တရားအကြောင်းများကို မေးမြန်းခြင်းမရှိပဲ၊ ဘာဂဏန်းကောင်းလဲ၊ ဘာထိုးရမလဲ စတဲ့ ၂လုံး၊ ၃ လုံးဂဏန်းများတောင်းဖို့သာ စဉ်းစားကြပါတယ်။ ဤနေရာ ကိုယ်တွေ့လေးတစ်ခု ပြောပြချင်ပါတယ်။ ဂျီတော့မှာ တင်ထားတဲ့ ကိုရင်ပုံလေးကိုတွေ့တော့...“ဦးဇင်းလေးလား၊ တပည့်တော်ကို ၂လုံးဂဏန်းပေးပါတဲ့..”။ ဒါနဲ့ သံဃာကို အလေးအမြတ်ပြုတတ်ဖို့ ပြောပြလိုက်ပါတယ်။ အဓိက ဆိုလိုချင်တာက လူတွေကိုကလည်း ရတနာမြတ်သုံးပါး အပေါ်မှာ အလေးအမြတ် ပြုတက်ဖို့ လိုပါတယ်။ လောကီကောင်းကျိုးတစ်ခုပဲ ကြည့်ပြီးတော့ အခြားသော အတုအယောင် များအပေါ် အားထားချင်ကြတော့ လိမ်တဲ့သူက ပိုပြီးကြိုက်တာပေါ့။ ဘိုးတော်ဆိုတဲ့ လူတစ်ယောက်ရှိပါတယ်။ ဘယ်လိုဖြစ်လာလဲဆိုတော့ သာသနာပွဲထိုးတာက ကန်တော့ပွဲမှာ ၀လုံးတွေ ပေါ်လာတယ်ဆိုပြီးတော့ ၀လုံးဘိုးတော်လို့ နာမည်ကြီးပါတယ်။ (အမှန်တော့ ဘုရားရှေ့မှာ အုန်းစိမ်း၊ ငှက်ပျောစိမ်းတွေနဲ့ ကန်တော့ပွဲလုပ်တာ မသင့်တော်ပါ။ သာသနာပွဲဆိုတာ မိသားစုတွေလိုက် ကိုယ့်အိမ်မှာ တရားဆွေးနွေး၊ တရားနာ၊ ဘုရားဆွမ်းတော် ကပ်တဲ့ ပွဲလေးလို့ နားလည်ပါတယ်)။ တနေ့တော့  ဘိုးတော်က နတ်ပွဲလည်း ပေးပါတယ်။ သူကိုယ်တိုင်လည်း နတ်ဝင်ကတယ်။ လူတွေလာရင် ငါ့သမီးကြီး၊ ငါ့သားကြီးဆိုပြီး ဓာတ်ပေးတယ်ဆိုတာလည်း လုပ်ပါသေးတယ်။ လူတွေကလည်း အဲလိုဆိုရင် အတော်ကိုသဘော ကျတာပါ။ နောက်တော့သူ့ကို ယုံစားကိုးကွယ်တဲ့ သူတွေ စီးပွားပျက်တာပါပဲ။ သူလည်း အရင်လို မဟုတ်တော့ပဲ၊ သာမန်လူတစ်ယောက်လို ဖြစ်နေပါပြီ။ အတုအယောင်ဆိုတာ ဘယ်တော့မှ ကြာရှည်မခံပါဘူး။ သတိဉာဏ်ယှဉ်ပြီးမှ ယုံကြည်တတ်ဖို့ အရေးကြီးပါတယ်။ ဓမ္မစေတီဆရာ တော်ဘုရား၏ “နှလုံးသားဝယ်ဘုရားတည်” တရားမှ ယခုလို မှတ်သားခဲ့ဘူးပါတယ်။


၁. သရဏဂုံတည်စေသောဆရာ = ဆရာကောင်း၊ မိတ်ဆွေကောင်း (Good Teachers)။

၂. သစ္စာ ၄-ပါး သိစေတဲ့ဆရာ = ဆရာမှန်၊ မိတ်ဆွေမှန် (Right Teachers)။

၃. အာသဝေါတရား ၄-ပါး ကုန်စေတဲ့ဆရာ = ဆရာမြတ်၊ မိတ်ဆွေမြတ် (Nobel Teachers)။





“ကုန်ရှုံးတော့ တစ်ခေါက်”၊ “လင်ကုန်ရှုံးတော့ တစ်သက်လုံး မှောက်”၊ “ဆရာကုန်ရှုံးတော့ တစ်သံသရာလုံးမှောက်..” ဟူသောစကားအတိုင်း ဘာသာရေးမှာ ဆရာရွေးမှားရင် ယခုပစ္စုပ္ပန်၊ သံသရာနှစ်ဖြာလုံး ဒုက္ခရောက်တတ်ပါတယ်။ ဆရာရွေးမှန်ရင်လည်း မိမိကောင်းကျိုးအားလုံး ပြီးစီးတတ်ကြောင်းကို ဗုဒ္ဓမြတ်စွာက အရှင်အာနန္ဒာကို မိန့်ကြားခဲ့ဖူးပါတယ်။ မိမိတို့မဂ်ဖိုလ်ရဖို့ အတွက် ဆည်းကပ်ကိုးကွယ်သင့်သော ဆရာကောင်းများ၏ အင်္ဂါလက္ခဏများကို သတ္တတ အင်္ဂုတ္တိုရ် ပါဠိတော်တွင် ဘုရားရှင်က ဟောကြားထားပါတယ်။ ထိုအချက်တွေကို နှောင်းလူများ အလွယ်တကူ မှတ်မိစေရန် မန်လည်ဆရာတော်က မဃဒေ၀လင်္ကာသစ်တွင် ယခုလိုဖွဲ့ဆိုခဲ့ပါ တယ်။

“ ရိုသေချစ်ထိုက်၊ ချီးမွမ်းထိုက်နှင့်၊

လွဲမိုက်ဆုံးမ၊ မေးသမျှခံ၊

ဓမ္မံနက်နဲ၊ ဟောနိုင်မြဲ၍၊

ကျိုးနည်းမတန်း၊ ခုနှစ်ခန်းနှင့်၊

ပြည့်လျှမ်းညီညာ၊ ဤဆရာ၊

ဖွေရှာတပည့်ခံ”။

အဓိပ္ပာယ်ဖွင့်ဆိုရမည်ဆိုသော်..၊

၁။ ရိုသေထိုက်သော ဂုဏ်လေးပါးနှင့် ပြည့်စုံခြင်း၊

၂။ ချစ်ခင်ထိုက်သော ဂုဏ်လေးပါးနှင့် ပြည့်စုံခြင်း၊

၃။ ချီးမွမ်းထိုက်သော ဂုဏ်လေးပါးနှင့် ပြည့်စုံခြင်း၊

၎။ မိမိ၏လွဲမှားမှု၊ မိုက်မဲမှုကို ဆုံးမခြင်း၊

၅။ မိမိမေးသမျှကို ဖြေဆိုနိုင်ခြင်း၊

၆။ နက်နဲသော ဓာတ်၊ ပရမတ်၊ သစ္စာတရားများကို ဟောကြားနိုင်ခြင်း၊

၇။ အကျိုးနည်းသော အလုပ်များကို တားမြစ်၍ အကျိုးရှိသော အလုပ်များကို ညွှန်ပြနိုင်ခြင်း၊

ဤနေရာမှာ.. ရိုသေထိုက်၊ ချစ်ခင်ထိုက်၊ ချီးမွမ်းထိုက်သော ဂုဏ်လေးပါးမှာ အတူတူဖြစ်ပါတယ်။ ထိုအချက်တွေကတော့...

၁။ ဒါန = လောဘမကြီးဘဲ ပေးကမ်းစွန့်ကြဲသူ ဖြစ်ရမယ်။

၂။ ပိယ၀ါစာ = ဒေါသမကြီးဘဲ မေတ္တာနှင့်ယှဉ်သည့် ချစ်ခင်ဖွယ်ရာ စကားရှိရမယ်။

၃။ အတ္တစရိယာ = တပည့်တို့၏ ကောင်းကျိုးကို ကျင့်ဆောင်ရမယ်။

၎။ သမာနတ္ထတာ = မနှိမ့်ချဘဲ ပုံမှန်တန်းတူ ဆက်ဆံရမယ်။

ထို့ကြောင့် မိမိတို့တွေသည် အပြော၊ အဟော၊ အရေးကောင်းတိုင်း ဆရာကောင်း မဟုတ်နိုင်ကြောင်း သတိပြုသင့်ပါတယ်။

“ကြည်ညိုရာမှာ၊ အများသံဃာ၊

ကိုးကွယ်ရာမှာ၊ ရွေးချယ်ပါ၊” ဟူသော စာဆိုလေးအတိုင်း ရဟန်သံဃာမှန်သမျှ ကြည်ညိုပါ။ တက်နိုင်သမျှလှူဒါန်းပါ။ ကြည်ညိုလှူဒါန်းသော မိမိ၏ ကောင်းမှု အကျိုးကို မလွဲမသွေ ရရှိမှာဖြစ်ပါတယ်။ သို့သော် ဆရာအဖြစ် ကိုးကွယ်တော့မည်ဆိုရင်တော့ ရွေးချယ်ရပါမည်။

ဤသို့ဖြင့် ဆရာကောင်းတပည့်၊ ပန်းကောင်းပန်ုဆိုတဲ့ စကားလေးအတိုင်း စာဖတ်သူများသည် ဆရာကောင်း၊ ဆရာမြတ်များထံ ကိုးကွယ်ဆည်းကပ်ကာ နိဗ္ဗာန်မဂ်ဖိုလ်သို့ မျက်မှောက်ပြုနိုင်ကြပါစေ။

Friday 14 October 2011

noble ashin ဆိုတာ..


ဆရာတော်သည် ကျောင်းထိုင် ၅နှစ်တာကာလအတွင်း တရားပွဲပေါင်း (၄၅၀)ကျော် ဟောကြား၍ ပရိယတ္တိဓမ္မများကို ပြန့် ပွားအောင် ဖြန့် ဝေနိုင်ခဲ့ပါသည်။
မကျေနပ်ရင် ငုံကြည့် ကျေနပ်ရင်မော့ကြည့် !ဆိုသည့် အဆိုအမိန့် သြဝါဒဟာ မင်းကွန်းဆရာတော်ဘုရားကြီး ရဲ့ ဓမ္မဆေးဝါးတစ်ခု ဖြစ်ပါတယ်။...............................စာရေးသူဟာ ဆရာတော်ကြီးကို ကြည်ညိုသတိရသောအားဖြင့် လည်းကောင်း၊ ကျေးဇူးဆပ်လိုသောအားဖြင့်လည်းကောင်း၊ ကိုယ့်ကိုယ်ကို ဆုံးမလိုသောအားဖြင့် လည်းကောင်း ၊ ဒါယကာ ဒါယိကာမအများ အသိ,သတိပွားစေချင်သောအားဖြင့် လည်းကောင်း ကျောင်းပင်မမုခ်ဦးကြီးရဲ့ အတွင်းဖက်မှာ ဒီသြဝါဒစာတမ်းကို ရေးသားထားခြင်း ဖြစ်တယ်။..................မင်းကွန်းဆရာတော်ဘုရားကြီးက "အေး လောကထဲ ရောက်လာရင် လောကဓံနဲ့ ဖက်ပြီး ရန်မတွေ့ ရဘူး။ တွေ့ နေရင် ကိုယ်က အမြဲရှုံးတယ်။သူဖြစ်ချင်သလို ဖြစ်နေတာ။အဲဒါ ကိုယ်က သူနဲ့  အလိုက်အထိုက်နေတတ်အောင် ကျင့်ရတာပေါ့။တစ်ခါ တစ်ခါ လောကဓံဟာ သည်းမခံနိုင်လောက်အောင် မကျေနပ်စရာတွေနဲ့  တွေ့ ကြုံရတာလည်း ရှိတယ်။ကျေနပ်စရာပဲ တွေ့ တွေ့  မကျေနပ်စရာပဲ တွေ့ တွေ့  ကိုယ်ကနေတတ်အောင် ကြည့်နေရတယ်"လို့ မိန့် လိုက်တယ်။ဆရာတော်ကြီးက..."မကျေနပ်ရင် ငုံ့ ကြည့်လိုက် ကျေနပ်သွားတာပဲ"လို့ ခပ်ပြုံးပြုံးအေးအေးဆက်မိန့် တယ်။......"အေး...အလွန်ပူတဲ့နေရာရောက်ပြီး အလွန်ပူတဲ့ရာသီဥတုနဲ့ တွေ့ ပြန်ပြီဆိုတော့လည်း မကျေနပ်စိတ်၊ ဒေါသစိတ် ၊အလိုမကျစိတ်တွေ မဖြစ်ဘဲ တို့ အောက်မှာ လောဟကုမ္ဘီငရဲ ဆိုတာ ရှိတယ်။ အဲဒီငရဲကို ဉာဏ်နဲ့ ငုံ့ ကြည့်လိုက်၊ သံရည်ပူတွေနဲ့  အကြော်ခံ, အလှော်ခံ, အထိုးခံ, အကြိတ်ခံနဲ့  လူ့ ဘဝရဲ့ ဘယ်အပူနဲ့ မှမတူတဲ့ အခြေအနေ၊ကာကွယ်စရာလည်းမရှိ၊လွတ်ရက်လည်းမသိနဲ့ နေရ,ခံစားရတဲ့  အခြေအနေကို ကိုယ်ရရှိထားတဲ့  လူ့ ဘ၀,ရဟန်းဘ၀ရဲ့ တန်ဖိုးနဲ့ နှိုင်းယှဉ်ပြီး ကိုယ်ရရှိထားတဲ့ လူ့ ဘ၀,ရဟန်းဘ၀ရဲ့ တန်ဖိုးကို မြတ်နိုးတန်ဖိုးထားကာ လောဟကုမ္ဘီငရဲကို ဥာဏ်နဲ့ ငုံ့ ကြည့် တတ်ရတယ်။" တဲ့ .....သိပ်တန်ဖိုးကြီးလှတဲ့ သြ၀ါဒတွေပါ။.......................မင်းကွန်းဆရာတော်ကြီး မိန့် ဆိုခဲ့တာ ဒီမျှသာပါ။ဆရာတော်ကြီး အမိန့် ရှိတော်မူတဲ့ စကားနဲ့  ဆက်စပ်ပြီး တွေးစရာ သိစရာတွေ အများကြီး ပေါ်ပေါက်လာပါတယ်။ လူတစ်ယောက်ဟာ ဘ၀ရဲ့  တကယ့်ပြည့်စုံခြင်းအဆင့်သို့  မရောက်သေးပဲနဲ့ ကိုယ့်ကိုကိုယ် အကျေနပ်ကြီး ကျေနပ်နေရင်ကော ဘာလုပ်မလဲ? ကိုယ့်အထက်ကို ဉာဏ်လေးနဲ့  မော့ကြည့်လိုက်ရုံပါ။ ဒါဆို ကျေနပ်လွန်းတဲ့ရောဂါ သက်သာသွားမယ်။.............
ယဉ်ကျေးလိမ္မာသင်တန်း. 
 
ဆရာ ကာတွန်းအော်ပီကျယ်(အသိပညာဖြင့် မောင်းနှင်သော) ခေါင်းစဉ်ဖြင့် ဟောပြောနေပုံ...ဆရာကြီး ဦးအောင်သင်း နှင့် ဆရာ ကာတွန်းအော်ပီကျယ် တို့  ဟင်္သာတမြို့  ဓမ္မဗိမာန်ကျောင်းတိုက် ဝိဇ္ဇာသမ္ပဒါစာကြည့်တိုက် (၃)နှစ်ပြည့်အထိမ်းအမှတ် စာပေဟောပြောပွဲ သို့ 19.12.2010တွင် လာရောက်ဟောပြောခဲ့ကြပါသည်၊၊ဟင်္သာတ မြို့ တော်ခန်းမ၌် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။NOBLE SCHOOL နှင့်ဟင်္သာတစာပေမြတ်နိုးသူများစီစဉ်သော စာပေဟောပြောပွဲ ဇြစ်ပါသည်။ ဆရာတော်သည် စာကြည့်တိုက်ဖွင့်ပွဲမှ၍ နှစ်ပတ်လည်ရောက်တိုင်း စာပေဟောပြောပွဲများကို နှစ်စဉ်ကျင်းပပေးနိုင်ခဲ့ပြီး ဆက်လက်ကျင်းပပေးနေမည် ဖြစ်ပါသည်။





သွေးနှင့်အောက်စီဂျင် လှူဒါန်းကူညီရေး (M.D.M)...ဆရာတော်သည် ဟင်္သာတမြို့ ၌ မြို့ နယ်သွေးလှူရှင်အသင်းနှင့် ပူးပေါင်း၍ အခမဲ့ သွေးလှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ယခုအခါ သွေးအလုံးပေါင်း (၅၀၀)ကျော်ကို အခမဲ့လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ ....ဟင်္သာတမြို့ ၌ မိုးကောင်းကျောင်းတိုက်၊ မစိုးရိမ်ကျောင်းတိုက်တို့ နှင့် ပူးပေါင်း၍ အောက်ဆီဂျင်အခမဲ့ လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ အောက်ဆီဂျင်အလုံးပေါင်း (၂၀၀)ကျော်ကို လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။
နာဂစ် လှူဒါန်းမှု

ဆရာတော်သည် ဧရာဝတီတိုင်းတွင် နာဂစ်မုန်တိုင်းတိုက်ခိုက်ခဲ့စဉ် ဟင်္သာတမြို့ သူ/သားများကို ဦးဆောင်၍ သိန်း(၃၀၀)ကျော်တန်ဖိုးရှိ အစားအသောက်၊အဝတ်အထည်၊ငွေကြေးများကို ၃-ကြိမ်တိုင်တိုင် ကိုယ်တိုင်ကြွရောက်၍ ပံ့ပိုးလှူဒါန်းနိုင်ခဲ့ပါသည်၊၊
ဆရာတော်သည် ဇလွန်လေဘေးကူညီမှုကို ပန်းပျိုးလက်လူငယ်ပရဟိတအဖွဲ့ နှင့်အတူ ၂၆.၅.၁၁ တွင် သွားရောက်လှူဒါန်းကူညီခဲ့သည်။ဇလွန်မြို့ တစ်ဘက်ကမ်း နန်းတော်ကျွန်းကျေးရွာ နှင့် မြစ်ဝကျေးရွာ တို့ ကို ၆သိန်း လှူဒါန်းခဲ့ပါသည်။
Aug 24

M3.D.P.S နှလုံးလှနာရေးကူညီမှု အသင်းကြီး၏ ဦးဆောင် နာယက ဆရာတော်များ.......ဟင်္သာတမြို့ မိုးကောင်းကျောင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ အဂ္ဂမဟာပဏ္ဍိတ(နိုင်ငံတော်သံဃမဟာနာယက ဒုတိယ ဥက္ကဋ္ဌ)၏ သြဝါဒကို ခံယူ၍ ဆရာတော်အပါအဝင် ဦးဆောင်ဆရာတော်ငါးပါးဖြင့် ( နှလုံးလှနာရေးကူညီမှုအသင်း)တည်ထောင်ကာ ဓမ္မဗိမာန်ကျောင်းတိုက်အတွင်း၌ ရုံးချုပ်အဖြစ်ထားပြီး နာရေးကိစ္စ များကို ကူညီဆောင်ရွက်လျက်ရှိပါသည်။...ဓါတ်ပုံကို Admin တစ်ဦးဖြစ်သူThxa Lay Hza မှ ပံ့ပိုးကူညီပေးပါသည်...

ဝိဇ္ဇာသမ္ပဒါစာကြည့်တိုက်........ဆရာတော်သည် ဟင်္သာတမြို့ ၊ ဓမ္မဗိမာန်ကျောင်းတိုက်အတွင်း၌ စာအုပ်ပေါင်း (၁၀၀၀၀)ခန့် ဖြင့် "ဝိဇ္ဇာသမ္ပဒါစာကြည့်တိုက်" တည်ထောင်ပြီး စာအုပ်စာပေနှင့် တရားဆိုင်ရာတိပ်ခွေ(VCD,DVD)ခွေများကို အခမဲ့ ငှားရမ်းစေခြင်းစသော လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါသည်။ စာကြည့်တိုက်ဖွင့်ပွဲမှ၍ နှစ်ပတ်လည်ရောက်တိုင်း စာပေဟောပြောပွဲများကို နှစ်စဉ်ကျင်းပပေးနိုင်ခဲ့ပြီး ဆက်လက်ကျင်းပပေးနေမည် ဖြစ်ပါသည်။.....ဓါတ်ပုံကို Admin တစ်ဦးဖြစ်သူThxa Lay Hza မှ ပံ့ပိုးကူညီပေးပါသည်...

၂၀၀၇-၂၀၀၈ ပညာသင်နှစ်....ဖြေဆိုသူ (၁၀၀ဦး)...အောင်မြင်သူ (၄၂ဦး)...အောင်မြင်မှု%(၄၂%)...ဂုဏ်ထူးရအရေအတွက် (၃ဦး)... ဂုဏ်ထူးရဘာသာရပ် {ဘောဂ(၃ဦး)}............................................................. ၂၀၀၈-၂၀၀၉ ပညာသင်နှစ်....ဖြေဆိုသူ (၁၀၀ဦး)...အောင်မြင်သူ (၄၀ဦး)...အောင်မြင်မှု%(၄၀%)...ဂုဏ်ထူးရအရေအတွက် (၄ဦး) ဂုဏ်ထူးရဘာသာရပ်{မြန်မာ(၁ဦး) ဘောဂ (၃ဦး)...................................................... ၂၀၀၉-၂၀၁၀ ပညာသင်နှစ်....ဖြေဆိုသူ (၁၁၅ဦး)...အောင်မြင်သူ (၆၄ဦး)...အောင်မြင်မှု%(၅၅.၇%)...ဂုဏ်ထူးရအရေအတွက် (၇ဦး) ဂုဏ်ထူးရဘာသာရပ်{မြန်မာ(၂ဦး) သင်္ချာ(၁ဦး) ဓာတု(၁ဦး) ရူပ(၁ဦး) ဘောဂ (၄ဦး) ပထဝီ(၁ဦး) သုံးဘာသာဂုဏ်ထူးရှင်(၂ဦး)............................................................ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်....ဖြေဆိုသူ (၁၂၀ဦး)...အောင်မြင်သူ (၃၂ဦး)...အောင်မြင်မှု%(၂၆%)...ဂုဏ်ထူးရအရေအတွက် (၄ဦး) ၅ဘာသာ(၁ဦး) ၂ဘာသာ(၁ဦး) ၁ဘာသာ(၂ဦး) .........လူငယ်အပေါင်းတို့ ....မင်းတို့ ရောက်ရှိနေထိုင်ခွင့်ရတဲ့ ဘယ်နေရာမျိုးမှာမဆို "ရေကန်အသင့် ၊ကြာအသင့်" ဆိုတာကိုမမျှော်လင့်နဲ့ ။ ရေကန်တူးပြီး ကြာပေါက်လာအောင် ကြိုးစားလိုက်စမ်းပါ...ထိုက်တန်တဲ့နေရာတစ်ခုဟာ မင်းတို့ ဆီ အလုအယက်ရောက်လာလိမ့်မယ်။

ဟင်္သာတမြို့ ၊NOBLE SCHOOL အခမဲ့ပညာဒါနကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား/သူများ လပတ်အစမ်းစာမေးပွဲ ဖြေဆိုနေပုံ........လူငယ်အပေါင်းတို့ ....မင်းတို့ ရောက်ရှိနေထိုင်ခွင့်ရတဲ့ ဘယ်နေရာမျိုးမှာမဆို "ရေကန်အသင့် ၊ကြာအသင့်" ဆိုတာကိုမမျှော်လင့်နဲ့ ။ ရေကန်တူးပြီး ကြာပေါက်လာအောင် ကြိုးစားလိုက်စမ်းပါ...ထိုက်တန်တဲ့နေရာတစ်ခုဟာ မင်းတို့ ဆီ အလုအယက်ရောက်လာလိမ့်မယ်။
 ဆရာတော်ကို ၁၃၃၁-ခုနှစ်၊တန်ဆောင်မုန်းလဆန်း(၉)ရက် အင်္ဂါနေ့ တွင် ဧရာဝတီတိုင်း၊အင်္ဂပူမြို့နယ်၊ မှန်ကုန်းကျေးရွာ၌ ခမည်းတော် ဦးသန်းငွေ+ မယ်တော် ဒေါ်အုန်းရီတို့ မှ မီးရှူးသန့် စင် ဖွားမြင်တော်မူပါသည်။ ၁၃၅၀ခုနှစ်၊ တန်ခူးလဆန်း(၅)ရက် ၊တနင်္ဂနွေနေ့  နံနက်(၈း၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ ၊တာကလေးရပ်၊ မိုးကောင်းကျောင်းတိုက် ဗဒ္ဓသိမ်၌ မိုးကောင်း ကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ အဂ္ဂမဟာပဏ္ဍိတ(နိုင်ငံတော်သံဃမဟာနာယက ဒုတိယ ဥက္ကဋ္ဌ)မဟာထေရ်ကိုဥပဇ္ဈယ်ပြု၍ ဟင်္သာတမြို့ ၊ သုံးပင်ကွင်းရပ် ၊ဦးစိန်ညွန့် +ဒေါ်မြတင် သားသမီး တစ်စု တို့ ၏ ပစ္စယာနုဂ္ဂဟကို ခံယူပြီး မြင့် မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

အမြင့်ဆုံးအောင်မြင်ခဲ့သော စာမေးပွဲများမှာ ..............................
...... အစိုးရပထမကြီးတန်း၊ဟင်္သာတအမျိုးသားပထမကြီးတန်း၊ မန္တလေးသာသနာ့  တက္ကသိုလ်ကြီး၌.......၁၃၆၀-ခုနှစ်တွင် "မြတ်ဗုဒ္ဓ၏ အိမ်ထောင်ကြီးပွားရေးလမ်းညွှန်ချက်များ''ဘွဲ့ ယူစာတမ်းကို တင်သွင်း၍ သာသနတက္ကသီလ ဓမ္မာစရိယဘွဲ့ တံဆိပ်တော်{B.A-Buddhism}ကိုရရှိခဲ့ပါသည်၊.......၁၃၆၄-၆၅ ပညာသင်နှစ်တွင် ကျမ်း၊သု(၃)ခုံအမှတ်ဖြင့် သာသနတက္ကသီလ မဟာဓမ္မာစရိယတန်း၌ နောက်ဆုံးပညာသင်ယူ၍ သာသနတက္ကသီလ မဟာဓမ္မာစရိယဘွဲ့ ယူကျမ်းစာ "သဒ္ဒနီတိသုတ္တမာလကို ဘာသာဗေဒ နည်းပညာဖြင့် လေ့လာခြင်း"ကျမ်း ကိုတင်သွင်း၍ သာသနတက္ကသီလ မဟာဓမ္မစရိယဘွဲ့ တံဆိပ်တော်{M.A-Buddhism}ကိုအလှူခံရရှိခဲ့ပါသည်။ထို့ နောက် ကချင်ပြည်နယ်၊ဟိုပင်သာသနာပြုဌာန၊ ပါရမီ စာသင်တိုက်၌ သာသနာ့တာဝန်များကိုလည်း ထမ်းဆောင်ခဲ့ပါသည်။....... ယခုအခါ ဆရာတော်သည် ၁၃၆၈-ခုနှစ်၊၀ါဆိုလဆန်း(၁၂)ရက်(၆-၇-၂၀၀၆)ကြာသပတေးနေ့ မှစတင်၍ ယခုအချိန်အထိ ဧရာဝတီတိုင်း၊ဟင်္သာတမြို့ ၊ပန်းဘဲတန်းရပ်၊ဓမ္မဗိမာန်ကျောင်းတိုက်တွင် ကျောင်းထိုင် ပဓာန နာယက ဆရာတော် အဖြစ်တာဝန်ယူ သီတင်းသုံးနေထိုင်လျက် ပရိယတ္တိ၊ပရဟိတ သာသနာပြုလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးစားထမ်းဆောင်ရင်း တစ်ဖက်မှ Ph.Dဘွဲ့ ကို အရယူနိုင်ရန်အတွက် အိန္ဒိယနိုင်ငံ ၊ဂယာမြို့  မဂဓတက္ကသိုလ်တွင် ဆက်လက်ပညာဆည်းပူးလျက်ရှိပါသည်၊၊
 

နားလည်ထားသော ဘလော့ ဂါ


ဘလောဂါဆိုတာ.......
၁။ဘလော့ ပေါ်မှာ စာရေးနေသူပါ။
၂။ကိုယ့် ရဲ့  အသိပညာ,အတွေ့ အကြုံ,စိတ်ခံစားချက်ကို ဘလော့ ပေါ်မှာ မျှဝေသူပါ။
၃။မိမိရေးသောစာကို မိမိကိုယ်တိုင် တာဝန်ယူနိုင်သူပါ။
၎။အချိန်မှန် လာရောက် လေ့ လာသူတွေအကျိုးရှိစေဖို့  ပုံမှန်ရေးနိုင်သူပါ။
၅။ဝေဖန်,ကဲ့ ရဲ့ ပြစ်တင်တာတွေကို ခံနိုင်ရည်ရှိရှိနဲ့  ကြိုဆိုသူပါ။
၆။အားပေးစကား,ချီးကျူးစကားတွေကို ၀မ်းမြောက်စွာ လက်ခံရယူသူပါ။
၇။ကိုယ်ရေးတဲ့ စာတွေ သူတစ်ပါးကို မထိခိုက်စေချင်သလို၊စိတ်ညစ်တာတွေကိုလည်း မကူးစက်စေချင်သူပါ။
၈။စာဖတ်သူများ ကိုယ့် ဘလော့ ကိုဖတ်ပြီး ပျော်ရွှင်ချမ်းမြေ့ ပြီး သုတအဖြာဖြာ ပွားတိုးစေချင်သူပါ။
၉။အကြံဥာဏ်နှင့် သုတပွားရေး၊ဖြန့် ဝေရေးကို ထာဝရမျှော်လင့်  ကြံဆလုပ်ကိုင်နေသူပါ။
၁၀။တစ်ခါတစ်ခါ အခက်အခဲတွေအများကြီးကြားမှာ ဇဝေဇ၀ါ၊မသေမချာ ဖြစ်နေတတ်သူပါ။
၁၁။ဒါပေမဲ့  ဦးပဉ္စင်းကတော့  ဘလော့ ဂါ မဟုတ်သေးပါ။ဘလော့ ဂါဖြစ်အောင် ကြိုးစားနေသူ တစ်ယောက်သာ ဖြစ်ပါတယ်။
ဘာပဲပြောပြော ဒီဘလော့ အတွက်
ဝေဖန်အကြံပြုစာသည်
ဦးပဉ္စင်းအတွက်
"မရှိ မဖြစ် မိုး"ပါပဲနော်
အချိန်ယူကာ ၀င်ရောက် ဖတ်ရှုပေးခြင်းအတွက်
အထူပင်ကျေးဇူးတင်ပါသည်။

ဘ၀ဟန်ချက်


  • ငါဆာလောင်တာ အောင်မြင်မှု 
  • ငါပြုစုတာ အနာဂတ်
  • ငါရပ်တည်တာ ပစ္စုပ္ပန် 
  • ငါ့ ကြည့် မှန်ဟာ အတိတ်
  • ငါ့ အရိပ်ဟာငါ့ ထီး 
ငါ့ ခရီးအတွက် ငါသည်သာလျှင် လမ်းဖြစ်တယ် ။

ပညာရှိ အဆိုအမိန့် 


  • ကြာပန်းက  ရေကန်ကိုသာ  အလှဆင်တယ်။
  • မိုးတိမ်က  ကောင်းကင်ကိုသာ  အလှဆင်တယ် 
  • လာခြင်းကောင်းသော  မိတ်ဆွေကတော့   တစ်လောကလုံးကို  အလှဆင်တယ်။
သီဟိုဠ်ခေတ်၊သံဃရက္ခိတမထေရ်ကြီး

စကားကောင်းရဲ့ ခွန်အား


ဆရာဝန်ကောင်းဟာ ရောဂါကို  ကုတယ်
အမတ်ကောင်းဟာ တိုင်းပြည်ကို ကုတယ်
စကားကောင်းဟာ စိတ်ဓါတ်ကို ကုတယ်...တဲ့ 
ဒါကြောင့်  ဦးပဉ္စင်း ဘ၀အတွေ့ အကြုံအရ စကားကောင်းလေးတစ်ခွန်း
လက်ဆောင်ပါးပါရစေနော်
  • စိတ်ရင်းကောင်းသူတွေဟာ ဘ၀ကို
  • ထာဝရကျေနပ်စွာ ဖြတ်သန်းနေရမှာပါ
  • ဒါကြောင့်  ဘာပဲလုပ်လုပ်
  •  စိတ်ရင်းကောင်းလေးနဲ့ လုပ်နော်။